ဆင်တဲရွှေမြေအမြူတေ သို့လာရောက်လည်ပတ်အားပေးကြသော ချစ်မိတ်ဆွေအပေါင်း ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာကြပါစေ။

Saturday, February 4, 2017

ပျဉ်းမငုတ်တို မင်းသုဝဏ်

ပျဉ်းမငုတ်တို
____________
ဖုထစ်ရွတ်တွ ငှက်လင်းတသို့
ပျဉ်းမငုတ်တို  သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

ခွဆုံအကွေး သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်။
ကုန်းမိုကမ်းပါး မြေပပ်ကြားတွင်
စစ်သားခမောက် ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။
ထိုပင်ငုတ်တို ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက်လျှက် မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင် ယောင်္ကျားကောင်းတကား။     ။

ပျဉ်းမငုတ်တို
ဆရာမင်းသုဝဏ်

မင်းသုဝဏ်(အဘဆရာမင်းသုဝဏ်)ရဲ့ကဗျာလေးခံစားကြည့်ပါဦး။

No comments:

Post a Comment