ဆင်တဲရွှေမြေအမြူတေ သို့လာရောက်လည်ပတ်အားပေးကြသော ချစ်မိတ်ဆွေအပေါင်း ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာကြပါစေ။

Saturday, February 11, 2017

ရေချမ်းဒကာ ဖိုးသောကြာ။ မင်းသုဝဏ်


မတော်လောဘ၊ ရေရူးကြွ၍
ကမ္ဘာလောက၊ လူ့ဘဝတွင်
လိမ်ကြ ကောက်ကြ၊ လှည့်ဖြားကြကာ
ဗလကြီးသူ၊ လက်ရုံးထူသော်
အောက်လူခပင်း၊ ဆင်းရဲတွင်း၌
မျောက်မင်းအူလျက် ဗုံသာနှက်။

Saturday, February 4, 2017

ဆရာအောင်သင်းရဲ့စကားလက်ဆောင်

'' ပါပသမိံ ရမတိ မနော ''
 (စိတ်သည် မကောင်းမှု၌မွေ့လျှော်၏)
'' ပျင်းလိုက်တာကွာ ဘာလုပ်ရမှန်း မသိဘူး '' လို့ညည်းလိုက်မိရင် မကောင်းတစ်ခုခု လုပ်မိကြဖို့ အသံပေးအဆိုပြုလိုက်တာနဲ့အတူတူပဲ။
ဘာလုပ်ရမှန်းမသိတာက အရေးမကြီးဘူး။ မကောင်းတာကို လုပ်မိသွားတတ်ကြလွန်းလို့ '' ဘာလုပ်ရမှန်း မသိဘူး '' ဆိုတာကြီးကို ဖျောက်ပစ်နိုင်အောင် လုပ်စရာတစ်ခုခုကိုရှာပါ။ မရှာရင် အပေါင်း လက္ခဏာ မဖြစ်ရုံမက အနုတ်လက္ခဏာ ထွက်လာတတ်တာကြောင့် သတိပေးလိုက်ရတာပါ။
ဆရာကြီးအောင်သင်း

ရှေးနှင့်မတူ မင်းသုဝဏ်

ရှေးနှင့်မတူ
___________
မွေးမယ်မွေးမယ် ရှေးခါဝယ်က
နေစွယ်ရောင်ညှိုး လရောင်ဖြိုး၌
ငမိုးရိပ်ဇာတ် ပုံတိုပါဌ်တို့
ရေလွှတ်ကရား တွတ်တွတ်ကြားလျှင်
မေ့သား အင်းလိုက် ပျော်တော့၏။