'' ပါပသမိံ ရမတိ မနော ''
(စိတ်သည် မကောင်းမှု၌မွေ့လျှော်၏)
'' ပျင်းလိုက်တာကွာ ဘာလုပ်ရမှန်း မသိဘူး '' လို့ညည်းလိုက်မိရင် မကောင်းတစ်ခုခု လုပ်မိကြဖို့ အသံပေးအဆိုပြုလိုက်တာနဲ့အတူတူပဲ။
ဘာလုပ်ရမှန်းမသိတာက အရေးမကြီးဘူး။ မကောင်းတာကို လုပ်မိသွားတတ်ကြလွန်းလို့ '' ဘာလုပ်ရမှန်း မသိဘူး '' ဆိုတာကြီးကို ဖျောက်ပစ်နိုင်အောင် လုပ်စရာတစ်ခုခုကိုရှာပါ။ မရှာရင် အပေါင်း လက္ခဏာ မဖြစ်ရုံမက အနုတ်လက္ခဏာ ထွက်လာတတ်တာကြောင့် သတိပေးလိုက်ရတာပါ။
ဆရာကြီးအောင်သင်း
No comments:
Post a Comment