ဆင်တဲရွှေမြေအမြူတေ သို့လာရောက်လည်ပတ်အားပေးကြသော ချစ်မိတ်ဆွေအပေါင်း ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာကြပါစေ။

Saturday, February 4, 2017

ရှေးနှင့်မတူ မင်းသုဝဏ်

ရှေးနှင့်မတူ
___________
မွေးမယ်မွေးမယ် ရှေးခါဝယ်က
နေစွယ်ရောင်ညှိုး လရောင်ဖြိုး၌
ငမိုးရိပ်ဇာတ် ပုံတိုပါဌ်တို့
ရေလွှတ်ကရား တွတ်တွတ်ကြားလျှင်
မေ့သား အင်းလိုက် ပျော်တော့၏။


ပိတာ ပိတာ ရှေးအခါက
နေစာရောင်ကျင်း နံနက်ခင်း၌
ဆင်းမြင်းရုပ်တု ပီစွာထု၍
' မျက်ရှု ပျော်ပါး ရွှင်တော့ ' ကြားလျှင်
ဖေ့သား ကြည်စိတ် ပေါ်တော့၏။

မွေးမယ် ပိတာ ယခုခါမူ
ပျော်ရာ ပျော်မှု ပျော်ကြောင်းရှုလည်း
ညစ်ကျု မရွှင် ကိုယ်ပင်တည်းလျှင်
သွင်သွင်လေသွေး လရောင်အေး၌
တတွေးတောတော နေစိတ်စောသည်
ကြွေသောပန်းနှယ် ရော်တော့၏။

မင်းသုဝဏ်

No comments:

Post a Comment