ဆင်တဲရွှေမြေအမြူတေ သို့လာရောက်လည်ပတ်အားပေးကြသော ချစ်မိတ်ဆွေအပေါင်း ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာကြပါစေ။

Saturday, February 11, 2017

ရေချမ်းဒကာ ဖိုးသောကြာ။ မင်းသုဝဏ်


မတော်လောဘ၊ ရေရူးကြွ၍
ကမ္ဘာလောက၊ လူ့ဘဝတွင်
လိမ်ကြ ကောက်ကြ၊ လှည့်ဖြားကြကာ
ဗလကြီးသူ၊ လက်ရုံးထူသော်
အောက်လူခပင်း၊ ဆင်းရဲတွင်း၌
မျောက်မင်းအူလျက် ဗုံသာနှက်။

အမုန်းဒေါသ၊ ခြောင်းခြောင်းထ၍
ကမ္ဘာလောက၊ လူ့ဘဝတွင်
သတ်ကြ ဖြတ်ကြ၊ ဖောက်ခွဲကြကာ
ယိုကျ လျှံညီး၊ သွေးချောင်းစီးနှင့်
စစ်ကြီး မက်ကြီး၊ လက်နက်ကြီးတို့
သူ ကြီး ထက် ပို၊ ငါကြီးလိုဟု
စည်တိုခေါက်လျှက် ဘီလူးထွက်။

အကောင်းမမျှော်၊ ကြောင်းမလျော်နှင့်
မတော် လောဘ၊ မုန်းဒေါသတို့
ထကြွ နှောက်မွှေ၊ ပင်လယ်ဝေစဉ်
ရေချမ်းဒကာ၊ ဖိုးသောကြာကား
ရွာအဝင်လမ်း၊ ခရေတန်းတွင်
ရေချမ်းတည်လျှက် ဝတ်မပျက်။

မင်းသုဝဏ်
အားပေးမှုကိုကျေးဇူးတင်ပါသည်။

No comments:

Post a Comment